CEFR အဆင့်: A2 (Waystage)
ရင်းနှီးပြီးသား အကြောင်းအရာများ (Familiar Topics)(ဥပမာ- ဈေးဝယ်ခြင်း၊ ဒေသန္တရအကြောင်းအရာ၊ အလုပ်အကိုင်) နှင့် ဆက်စပ်သော ဝါကျများနှင့် မကြာခဏသုံးသော စကားစုများကို နားလည်စေရန် ဖြစ်သည်။ ရိုးရှင်းပြီး ပုံမှန်လုပ်ဆောင်ရသော အခြေအနေ ကိစ္စရပ်များ (အထက်တွင်ဖော်ပြခဲ့သော ဥပမာများ)တွင် ပြောဆိုလိုသည့် အချက်အလက် များကို တုန့်နှေးခြင်း မရှိဘဲ ချောမွေ့စွာ အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်စွမ်းကို မြှင့်တင်ပေးသည်။ စာတို ၊ ( Short Story ) ပုံပြင်တို များကို စာလုံးရေ ၂၅ - ၅၀ လုံး ၀န်းကျင် ရေးနိုင်မည် ဖြစ်သည်။