ယခင်အဆင့်များထက် ပိုမိုရှုပ်ထွေးသော အက္ခရာပေါင်းစပ်မှုများဖြစ်သည့် R-Controlled Vowels
ဥပမာ- ar, or, ir Diphthongs
ဥပမာ- oy, ou, ow နှင့် Suffixes/Prefixes (စကားလုံးရှေ့/နောက်ဆက်များ)
ကဲ့သို့သော ပိုမိုရှုပ်ထွေးသည့် စကားလုံးအစိတ်အပိုင်းများကို ဖတ်ရှုနိုင်စွမ်းကို မြှင့်တင်ရန်ဖြစ်သည်။ ၎င်းသည် စကားလုံးအရှည်များ (Multisyllable Words) ကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး ဖတ်ရှုနိုင်ရန် ရည်ရွယ်သည်။
ဥပမာ - ar (car)
ur (burn)
un- (unhappy)
-ing (running)
Phonics Level အားလုံး သင်ကြားပြီး ဖြစ်သည့်အတွက် အခြေခံ စာဖတ်နည်း တတ်မြောက်သွားပြီဟု သတ်မှတ်နိုင်ပါသည်။ Fluent and Independent Reader (ကျွမ်းကျင် အဆင့် စာဖတ်သူ) များ ဖြစ်သွားမည့် အားလျော်စွာ ဒီအဆင့်မှာ စကားလုံးတွေကို စာလုံးပေါင်း (Decoding) လုပ်နေရတာထက် အဓိပ္ပါယ်ကို နားလည်အောင် ဖတ်ရှုခြင်း (Comprehension) အဆင့်ကို ရောက်ရှိပြီ ဖြစ်ပါသည်။ စာလုံးရေ ခန့်မှန်းခြေ ၁၅၀၀ မှ ၂၀၀၀ ကြား ပါနိုင်တဲ့ ရှည်လျားပြီး ပိုရှုပ်ထွေးသော ဇာတ်လမ်းများ (Longer and More Complex Plots)၊ decodable မဟုတ်တော့သော စာအုပ်များ (Non-decodable Texts)၊ ဝေါဟာရ ပိုကြွယ်၀ခြင်း (Richer Vocabulary)၊ အမျိုးအစားစုံလင်ခြင်း (Variety of Genres) စသည့် စွမ်းရည်များ ပြည့်၀စွာ ရရှိပြီး ဖတ်နိုင်လာမည်။ ပုံပြင် (Fiction) တွေအပြင် ပညာပေးစာအုပ် (Non-fiction)၊ ကဗျာ (Poetry) စတဲ့ စာအမျိုးအစား မျိုးစုံကို စိတ်၀င်တစား အမှီအခိုကင်းစွာ ဖတ်ရှုလာနိုင်မည်ဖြစ်သည်။