ရည်ရွယ်ချက် အနှစ်ချုပ် - အင်္ဂလိပ်ဘာသာစကားရှိ အခြေခံအက္ခရာသံ (Phonemes) ၄၄ မျိုးကို အသုံးပြု၍ စကားလုံးများ ဖတ်ရှုနိုင်ရန် ဖြစ်သည်။ အထူးသဖြင့် Short Vowel CVC Words များကို ဖတ်ရှုနိုင်ရန် ဖြစ်သည်။ မြန်မာဘာသာ စကားလေ့လာပုံနှင့် နှိုင်းယှဥ်ရလျှင် မူလတန်း Grade 1 အဆင့် စာလုံးပေါင်းခြင်း သင်ကြားပုံ (ဥပမာ - က + ခ + င = ကခင ၊ က + တ + ပ = ကတပ ကဲ့သို့ စာလုံးပေါင်းခြင်း) နှင့် အလားသဏ္ဍာန် တူပါသည်။ ၎င်းသည် စာဖတ်ခြင်း ကျွမ်းကျင်မှု ရရှိရန်အတွက် အရေးပါသည့် အခြေခံအုတ်မြစ်ဖြစ်သည်။
(ဥပမာ- cat, bed, sit, dog, cup စသည်တို့ကို ဖတ်ရှုနိုင်ခြင်း)